မစိုးရိမ်တိုက်သစ်၊ ဓမ္မဒီပကျောင်း
၁၃၁၇-ခုနှစ်၌ မန္တလေးမြို့၊ ရွာဟိုင်းစျေး(မန်းမြို့စျေး) အထည်လက်ကားကုန်သည်ကြီး ဦးဝ + ဒေါ်ဌေး၊ တူမ ဒေါ်သိန်းတင်၊ ဒေါ်ခင်ညွှန့်၊ မြေး မခင်ဆွေ မိသားစု တို့က ပေ (၇၀ X ၃၀) နှစ်ထပ်တိုက်ကျောင်းဆောင် တစ်ဆောင်နှင့် ဆွမ်းစားတစ်ထပ်တိုက် ကျောင်းဆောင်ငယ် တစ်ဆောင်ပါ ဆောက်လုပ်လှူဒါန်းသည်။
၁၃၁၈-ခုနှစ်ပြီးစီး၍ ဓမ္မဒီပကျောင်းဟု ကမ္ပမည်းတပ်သည်။ ထိုကျောင်းဆောင်ပြီး၍ မကြာမြင့်မီ ၁၃၂၀-ခုနှစ်၌ မစိုးရိမ်တိုက် မာဂဓနယူပဒေသကျောင်းမှ ပရိယတ္တိသာသနဟိတအသင်း စာချတန်းအောင်မြင်သော ဦးပဉ္စင်း ဦးနာယကကို ဓမ္မဒီပကျောင်း၌ ကျောင်းထိုင်ဘုန်းကြီးအဖြစ် တင်မြှောက်သည်။
၁၃၅၆-ခုနှစ်၌ ဓမ္မဒီပဆွမ်းစားကျောင်းငယ်ကို ဖျက်၍ မန္တလေးမြို့ ကျောက်ဝင်းရပ် ဒကာမကြီး ဒေါ်စိန်ညွှန့်က အသစ်ပြုလုပ်၍ ဆောက်လုပ်လှူဒါန်းသည်။ (ယင်းဓမ္မဒီပဆွမ်းစားကျောင်းဆောင်ကို ဖျက်၍ ယခု ဓမ္မထေရိယကျောင်း ဆောက်လုပ်ထားသည်)
ဦးဝ + ဒေါ်ဌေးတို့သည် ကျောင်းဘုန်းကြီး ဦးနာယက ကျန်းမာရေး ကောင်းမွန်စေရန် ၃-ခန်းပတ်လည် နှစ်ထပ် အသားကျောင်းဆောင်ကိုလည်း ဆောက်လုပ်လှူဒါန်းသည်။ ထိုအသားကျောင်းကို ဓမ္မာဓိပတိကျောင်းဆောင် ဆောက်ရန်အတွက် ဖျက်ပေးလိုက်သည်။ ထိုအပြင် မန္တလေးမြို့ ဗောဓိကုန်းရိပ်သာ၌ အုတ်တိုက်ဓမ္မာရုံကြီးတစ်ခုကို၎င်း၊ စစ်ကိုင်းတောင်ရိုး သီတာရုံချောင်၌ အုတ်ရေကန်နှင့် တစ်ထပ်သိမ်တိုက်ငယ် တစ်ကျောင်းကို၎င်း ဆောက်လုပ်လှူဒါန်းကြသည်။ မစိုးရိမ်ဆရာတော်ကြီး အသုံးပြုရန် အိုပယ်ကားတစ်စီးကိုလည်း အစိုးရစျေးနှုန်းဖြင့် ဝယ်ယူလှူဒါန်းသည်။(ဆရာတော်ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၏ မစိုးရိမ်တိုက်သစ်သမိုင်းမှ)
၁၃၇၆-ခု၌ ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏ သီလ သမာဓိ ပညာဂုဏ်ကို အာရုံပြုလျက် မျက်နှာကျက်အသစ်လဲခြင်း၊ အောက်ခြေနံရံများ ဆားပေါက်၍ ကြွေပြားကပ်ခြင်း,ဆေးသုတ်ခြင်းစသည် ပြင်ဆင်သည်။
၁၃၈၄-ခု၌ ဓမ္မဒီပကျောင်းဒကာများဖြစ်ကြသော ဦးဝ+ဒေါ်ဌေး၊ ဖခင်ကြီး ဦးမောင်မောင်မြတ် + မိခင်ကြီး ဒေါ်ဆွေဆွေ၊ အဖွား ဒေါ်သိန်းတင်၊ ဒေါ်ခင်ညွှန့်၊ ဒေါ်ခင်မမတို့အား ရည်စူး၍ ရွှေဇီးကွက် မွေးမြူရေးအစာဆိုင် မိသားစု မန်းမြို့စျေး-က နံရံပျက်စီးနေသည်များကို ပြင်ဆင်ခြင်း,အောက်ထပ်စင်္ကြံလမ်း မျက်နှက်ကျက်များ တပ်ဆင်ခြင်း စင်္ကြံလမ်းများ အသစ်ခင်းခြင်း ကျောင်းဆောင်ကြီး ဆေးသုတ်ခြင်း လျှပ်စစ်မီးများ ပြုပြင်ခြင်းစသည်တို့ကို ပြုလုပ်ပြင်ဆင်၍ ၁၃၈၄-ခု၊ တပိုတွဲလပြည့်နေ့တွင် (၄-၂-၂၀၂၃)စနေနေ့တွင် ရေစက်ချလှူဒါန်းပါသည်။
ဓမ္မဒီပကျောင်း ကျောင်းထိုင် နာယကဆရာတော်များ
၁။ ဘဒ္ဒန္တနာယကာဘိဝံသ၊ (၁၃၁၈-ခုနှစ် မှ ၁၃၆၂-ခုအထိ)
၂။ ဘဒ္ဒန္တကောဏ္ဍညာဘိဝံသ၊ (၁၃၆၉-ခုနှစ် မှ ၁၃၇၂-ခုအထိ)
၃။ ဘဒ္ဒန္တသောဘိတာဘိဝံသ၊ (၁၃၇၂-ခုနှစ် မှ —)
ဓမ္မဒီပကျောင်းမှ တိပိဋကစာမေးပွဲအောင် သံဃာတော်များ
၁။ အရှင်ဓမ္မရက္ခိတ၊ ဝိသိဋ္ဌဒီဃဘာဏက၊ ၁၃၂၀-ခု။
၂။ အရှင်မဏ္ဍလာဘိသီရိ၊ ဝိသိဋ္ဌဒီဃဘာဏက၊ ၁၃၂၁-ခု။
၃။ အရှင်တေဇဗလ၊ ဝိသိဋ္ဌဒီဃဘာဏက၊ ၁၃၂၂-ခု။
၄။ အရှင်ဂုဏာလင်္ကာရ၊ ဒီဃဘာဏက၊ ၁၃၂၄-ခု၊ ဒီဃနိကာယကောဝိဒ၊ ၁၃၂၅-ခု၊
၅။ အရှင်ကောဏ္ဍည၊ ဒီဃဘာဏက၊ ၁၃၂၆-ခု၊
၆။ အရှင်သဇ္ဇန၊ ဝိနယဓရ၊ ၁၃၃၂-ခု၊ ဝိနယကောဝိဒ၊ ၁၃၃၅-ခု၊ ဒီဃဘာဏက၊ ၁၃၃၇-ခု၊
ဓမ္မဒီပကျောင်းမှ ပရိယတ္တိသာသနဟိတ စာချ, စာသင်အောင်သံဃာတော်များ
၁။ ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသ၊ ၁၃၄၈-ခုနှစ် စာသင်အောင်၊ ၁၃၅၁-ခုနှစ် ပါရာဇိကဏ်၊ ၁၃၅၂-ခု အဋ္ဌသာလိနီ၊ ၁၃၅၃-ခုနှစ် သီလက္ခန်အောင်မြင်၍ ပရိယတ္တိသာသနဟိတဓမ္မာစရိယဘွဲ့ရရှိ။
၂။ ဘဒ္ဒန္တသီရိဓမ္မာဘိဝံသ၊ ၁၃၆၀-ခု စာသင်တန်းအောင်၊ ၁၃၆၅-ခု သီလက္ခန်၊ ၁၃၆၆-ခု အဋ္ဌသာလိနီအောင်။
၃။ ဘဒ္ဒန္တကုမာရ၊ ၁၃၆၄-ခု စာသင်တန်းအောင်၊ ၁၃၆၆-ခု အဋ္ဌသာလိနီ၊ ၁၃၇၀-ခု ပါရာဇိကဏ်အောင်။
၄။ ဘဒ္ဒန္တဝိသောဘန၊ ၁၃၈၁ -ခုနှစ် စာသင်အောင်၊ ၁၃၈၃-ခု အဋ္ဌသာလိနီ၊ ၁၃၈၄-ခု ပါရာဇိကဏ်အောင်။
Comments
Post a Comment