မစိုးရိမ်တိုက်သစ်၊ ဓမ္မဒီပကျောင်း ၁၃၁၇-ခုနှစ်၌ မန္တလေးမြို့၊ ရွာဟိုင်းစျေး(မန်းမြို့စျေး) အထည်လက်ကားကုန်သည်ကြီး ဦးဝ + ဒေါ်ဌေး၊ တူမ ဒေါ်သိန်းတင်၊ ဒေါ်ခင်ညွှန့်၊ မြေး မခင်ဆွေ မိသားစု တို့က ပေ (၇၀ X ၃၀) နှစ်ထပ်တိုက်ကျောင်းဆောင် တစ်ဆောင်နှင့် ဆွမ်းစားတစ်ထပ်တိုက် ကျောင်းဆောင်ငယ် တစ်ဆောင်ပါ ဆောက်လုပ်လှူဒါန်းသည်။ ၁၃၁၈-ခုနှစ်ပြီးစီး၍ ဓမ္မဒီပကျောင်းဟု ကမ္ပမည်းတပ်သည်။ ထိုကျောင်းဆောင်ပြီး၍ မကြာမြင့်မီ ၁၃၂၀-ခုနှစ်၌ မစိုးရိမ်တိုက် မာဂဓနယူပဒေသကျောင်းမှ ပရိယတ္တိသာသနဟိတအသင်း စာချတန်းအောင်မြင်သော ဦးပဉ္စင်း ဦးနာယကကို ဓမ္မဒီပကျောင်း၌ ကျောင်းထိုင်ဘုန်းကြီးအဖြစ် တင်မြှောက်သည်။ ၁၃၅၆-ခုနှစ်၌ ဓမ္မဒီပဆွမ်းစားကျောင်းငယ်ကို ဖျက်၍ မန္တလေးမြို့ ကျောက်ဝင်းရပ် ဒကာမကြီး ဒေါ်စိန်ညွှန့်က အသစ်ပြုလုပ်၍ ဆောက်လုပ်လှူဒါန်းသည်။ (ယင်းဓမ္မဒီပဆွမ်းစားကျောင်းဆောင်ကို ဖျက်၍ ယခု ဓမ္မထေရိယကျောင်း ဆောက်လုပ်ထားသည်) ဦးဝ + ဒေါ်ဌေးတို့သည် ကျောင်းဘုန်းကြီး ဦးနာယက ကျန်းမာရေး ကောင်းမွန်စေရန် ၃-ခန်းပတ်လည် နှစ်ထပ် အသားကျောင်းဆောင်ကိုလည်း ဆောက်လုပ်လှူဒါန်းသည်။ ထိုအသားကျောင်းကို ဓမ္မာဓိပတိကျောင်းဆောင် ဆောက်ရန်အတွက် ဖျက်ပေးလိုက်သည်...